ဥက္ကဌ အမှာစကား

အမြဲတမ်း လှိုက်လှိုက်လှဲလှဲ အရေးထား ဆက်ဆံပေးသည့် အတွက် ကျေးဇူး အထူးတင်ရှိပါသည်။ TOKAI MYANMAR CO. Ltd. ၏ မိခင်ကုမ္ပဏီဖြစ်သည့် TOKAI အုပ်စုသည် ၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ရှီဖူအိုကာ ခရိုင်တွင် မြို့ပြဓာတ်ငွေ့ လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်တွင် ယခုလက်ရှိ အဓိကထား လုပ်ကိုင်နေသည့် LP ဓာတ်ငွေ့ လုပ်ငန်းကိုစတင်ခဲ့ပြီး။ ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံ၏ အလယ်ပိုင်းဒေသကို အဓိကထားပြီး သုံးစွဲသူ ၆သိန်းခန့်ကို LP ဓာတ်ငွေ့ ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးနေပါသည်။

LP ဓာတ်ငွေ့လုပ်ငန်းအပြင် သတင်းနှင့်ဆက်သွယ်ရေး CATV ရေသန့်လုပ်ငန်း၊ အိရာ၊ အာမခံ၊ မင်္ဂလာပွဲလုပ်ငန်း၊ ကျန်းမာရေး၊ ကူညီ စောင့်ရှောက်မှု အစရှိသည့် လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်သော အမျိုးမျိုးသော ကုန်ပစ္စည်းများကို ကျယ်ပြန့်စွာ ဝန်ဆောင်မှု ပေးနေပြီး၊ သုံးစွဲသူပေါင်း ၂.၅သန်းခန့်ရှိနေပြီးဖြစ်ပါသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အတွေ့အကြုံတွေနဲ့ နည်းပညာ ကျမ်းကျင်မှုတွေ ကိုအသုံးချပြီး၊ မြန်မာနိုင်ငံမှ သုံးစွဲသူများ အတွက် ပြီးပြည့်စုံသော လူနေမှု၊ ဒေသလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု တို့ကို ကူညီပံ့ပိုး ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါသည်။

ပထမဆုံးအနေနှင့် ကမ္ဘာ့နံပါတ် ၁ ဘေးကင်း လုံခြုံစိတ်ချရမှု အရှိဆုံး ဂျပန်နိုင်ငံ၏ အဆင့်အတန်းနှင့်တန်းတူ၊ LP ဓာတ်ငွေ့ကိုပိုက်လိုင်းဖြင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ကျယ်ပြန့်လာစေဖို့ ကြိုးစားသွားရန် ဆန္ဒရှိပါသည်။ နောင်လည်း ယခုထက်ပိုပြီးတော့ ဒီကုမ္ပဏီကို အားပေး ချီးမြှောက်ပေးပါရန် တောင်းဆိုချင်ပါသည်။