အောင်မြင်မှုများ

မြန်မာနိုင်ငံ

PRIME HILL BUSINESS SQUARE

ရွှေတိဂုံဘုရားအနီးတွင် ဂျပန်ကုမ္ပဏီမှ ကြီးကြပ် ဖွင့်လှစ်လိုက်သော "PRIME HILL BUSINESS SQUARE" ရုံးအဆေက်အအုံ၏ Food Court တွင် တပ်ဆင်အသုံးပြုမည့် ဂက်စ်နှင့်ပတ်သက်သော ပစ္စည်းကိရိယာများကို Tokai Myanmar မှတာဝန်ယူ တပ်ဆင်ခဲ့ပါသည်။

YAMAGOYA RESTAURANT

YAMAGOYA စားသောက်ဆိုင် စတင်ဖွင့်လှစ်ချိန်တွင် ပြည်တွင်း ဂက်စ်ပစ္စည်းကိရိယာများကို အသုံးပြု၍ ချက်ပြုတ်ရောင်းချခဲ့သော်လည်း မကြာခင်အချိန်အတွင်းမှာပဲ ဂက်စ်နှင့်ပတ်သက်သော ပစ္စည်းကိရိယာများတွင် ပျက်စီးမှုများရှိလာပါသည်။

YANGON JAPANESE SCHOOL

Yangon Japanese School သည်နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိသောကျောင်းဖြစ်ပြီး ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ခြင်းနှင့်အတူ ဂက်စ်နှင့်ပတ်သက်သော ပိုက်လိုင်း၊ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်းကို Tokai Myanmar မှတာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

KFC

အမေရိကန်ရှိ အကြီးဆုံး fast food chain များမှ ၁ခု အပါအဝင် ဖြစ်တဲ့ KFC သည် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်၌ စတင်ဖွင့်လှစ် ခဲ့ပါသည်။

Myanmar Centre

ဗီယက်နမ် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု တွင် ဦးဆောင်လျက်ရှိသော HAGL Group သည် နိုင်ငံတကာ အဆင့်မှီ ရုံခန်းများ၊ ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်များ၊ ကြယ်ငါးပွင့်အဆင့်ရှိ Melia Hotel၊ တိုက်ခန်းများ ပါဝင်သည့် Myanmar Center project ကို ဆောင်ရွက် ခဲ့ပါသည်။

Yoogane

Yoogane စားသောက်ဆိုင် သည် ၁၉၈၁ နှစ် ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကိုးရီးယား နိူင်ငံ တစ်ဝှမ်း ဆိုင်ခွဲပေါင်း ၂၀ဝ ကျော် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် မြန်မာ နိုင်ငံတို့တွင်လည်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်ခဲ့ပါသည်။

Koyorad

KOYORAD

KOROYAD သည် ဂျပန်နိုင်ငံတွင် အောင်မြင်စွာ ရပ်တည်နေသော Radiator ထုတ်လုပ်သည့် company ဖြစ်ပြီး ကမ္ဘာ တဝှမ်း လုပ်ငန်းခွဲ များစွာ တည်ထောင်ပြီး ဖြစ်ပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် စက်ရုံခွဲများစွာ တည်ထောင်ပြီးနောက် မြန်မာနိုင်ငံ သီလဝါ အထူးစီးပွားရေး စက်မှုဇုန်တွင် စက်ရုံတည်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ပါသည်။

HOKKAIDO RESTAURANT

ကျွန်ုပ်တို့ စားသောက်ဆိုင် ပရောဂျက်များတွင် ၁ခု အပါအဝင်ဖြစ်သော Golden Hill Tower တွင်ရှိသည့် ဂျပန်စားသောက်ဆိုင် Hokkaido အတွက် ဂက်(စ်)ပိုက်လိုင်း တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။