Tokai လုပ်ငန်းစဉ်

အဖွဲ့အစည်း၏ အတွေးအခေါ် ခံယူချက်နှင့် ခေါင်းဆောင် ဝန်ထမ်းပူးပေါင်းခြင်းအားဖြင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် အဖွဲ့အစည်းမှ ဦးပိုင် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။ TOKAI လုပ်ငန်းစဉ်တွင် အဖွဲ့အစည်း၏ ဝန်ထမ်းအားလုံးကို မျှဝေ လေ့ကျင့်ပေးသော စည်းလုံးမှု အတွေးအခေါ်၊ တာဝန်၊ မျှော်မှန်းချက် နှင့် တန်ဖိုး ဟု အဆင့် ၄ ဆင့်ရှိပါသည်။

 

စည်းလုံးမှု အတွေးအခေါ်

TOKAI လုပ်ငန်းစု၏ ယုံကြည်ချက်

 သုံးစွဲသူများ၏ ဘဝ တိုးတက်မြင့်မားစေရန်ရည်ရွယ်ပါသည်။ ကျွန်တော်တို့ ဒေသနှင့် အတူ ကမ္ဘာနှင့် အဝှမ်း တိုးတက်ဖွံ့ဖြိုးစေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

နေ့စဉ်ဘဝလုပ်ငန်းများအတွက် လိုအပ်ချက်များ ထောက်ပံ့ပေးနေသော ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး ကျွန်တော်တို့၏ ဒေသဆိုင်ရာ နှင့် တစ်မ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများဖြင့် သုံးစွဲသူများကို စိတ်ချမ်းသာမှု ပေးစွမ်းနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 

တာဝန်

TOKAI လုပ်ငန်းစု၏ တာဝန်ဆိုသည်မှာ လူမှုအဖွဲ့အစည်း၊ သုံးစွဲသူများနှင့် ရှယ်ယာရှင်များ အကျိုးအမြတ်ဖြစ်ထွန်းစေရန်

ကောင်အထည်ဖော်ဆောင်ခြင်း၊ စိန်ခေါ်မှုများ နှင့် အောင်မြင်မှု

စိန်ခေါ်မှုများကို တွန်းလှန်၍ ယုံကြည်စိတ်ချရပြီး ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်ရန်နှင့် နေ့စဉ်ဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

မျှော်မှန်းချက်

TOKAI လုပ်ငန်းစု ၏ ရေရှည် စီးပွားရေး ရည်ရွယ်ချက်များ

နိုင်ငံတကာ အဖွဲ့အစည်း အထိ ထောက်ပံ့မှုများ ပေးနိုင်ရန် နိုင်ငံအဝှမ်း တိုးတက်မှုများ တည်ဆောက်ခြင်းများ မှ ဘဝအတွက် ကူညီမှုများ ဖြစ်လာစေပါသည်။

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ယနေ့ခေတ် ကမ္ဘာနှင့် အဝှမ်း လူမှု ပတ်ဝန်းကျင်တွင် အဖွဲ့၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တိုးတက်ခိုင်မာလာစေရန် နှင့် နေ့စဉ်လူနေမှု ဘဝနှင့် ကျွန်တော်တို့ စီးပွားရေးနယ်ပယ်ရှိရာ ဒေသတွင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှု အသစ်အမျိုးမျိုးကို အောင်မြင်စွာ ဆောင်ရွက်နိုုင်ရန် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ၂၁ ရာစုတွင် ဂျပန်ဦးဆောင်သော လူနေမှုဘဝ ကူညီဆောင်ရွက်မှု များအထိ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

 

တန်ဖိုးထားမှု

TOKAI အဖွဲ့အစည်းတွင် ဝန်ထမ်းများ၏ ဆောင်ရွက်မှုများကို လမ်းညွှန်ရာတွင် အရေးကြီးသော အခန်းကဏ္ဍအဖြစ်ပါဝင်သော တန်ဖိုးထားမှု

သင့်ကိုဘယ်တော့မှ အဆုံးမသတ်နိုင်သော ရယ်မောခြင်း စိတ်လှုပ်ရှားဖွယ်များကို သယ်ဆောင်လာပါပြီ။
ပျူငှာသော ဆက်ဆံမှု လုပ်ငန်းအောင်မြင်ရန်အတွက် ဆက်ဆံရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ သုံးစွဲသူများ  စိတ်ချမ်းမြေ့စေရန် ဝန်းထမ်းများမှ နွေးထွေးပျူငှာသော ဝန်ဆောင်မှုများ ပေးရန် အသင့်ရှိပါသည်။
လုံခြုံမှု၊ ဘေးကင်းမှု နှင့် စိတ်ကျေနပ်မှု ကျွန်တော်တို့၏ စိတ်ချသေချာသော ရှေ့လုပ်ငန်းစဉ်များနှင့်အတူ သင့်ကို ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် စိတ်ကျေနပ်မှုကို အစဉ်ပေးစွမ်းသွားပါမည်။
အလုပ်အကိုင်နှင့် ပတ်သတ်၍ စိတ်အား ထက်သန်မှုများနှင့် ယုံကြည်စိတ်ကျေနပ်မှု သုံးစွဲသူများက ကျွန်တော်တို့ကို ရွေးချယ်သည့်အတွက် ကျွန်တော်တို့ဘက်မှလည်း  အကြံဉာဏ်သစ်များ လွတ်လပ်စွာ ဖန်တီးခြင်းဖြင့် အလုပ်ကို စိတ်ပျော်ရွှင်စွာ ပြီးမြောက်စေချင်မည့်အပြင် ကျွန်တော်၏နေ့စဉ်ဘဝတိုးတက်မှုများကို ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ကျွန်တော်တို့သည် ဒေသဆိုင်ရာ ပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင် နှင့် ဒေသအဖွဲ့အစည်း တည်ဆောက်ရာတွင် ကူညီသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ကလေးမှ စ၍ အသက်ကြီးသည့်တိုင် စိုးရိမ်ပူပန်မှု ကင်းဝေးသော လူအဖွဲ့အစည်းတွင် နေထိုင်နိုင်မည် ဖြစ်ပါသည်။

ကျွန်တော်တို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးရန် နှင့် TOKAI လုပ်ငန်းစဉ်ကို အမှန်အကန် အောင်မြင်စေမည့် အလုပ်အကိုင် ပတ်ဝန်းကျင် ဖန်တီးရေးတို့ကို ဆက်လက်လုပ်ဆောင်သွားပါမည်။