တပ်ဆင်သည့် ပုံသဏ္ဍာန်
လူနေအိမ်
ပုံမှန် လူနေအိမ်သို့ ဖြန့်ဖြူး သည့်ပုံစံနှင့် ပတ်သက်၍၊ ဓာတ်ငွေ့ထည့်သည့် ဂက်စ်အိုး အမျိုးအစား များမှာ ၁၀ ကီလို၊ ၂၀ ကီလို၊ ၅၀ ကီလိုဆံ့သည့် ဂက်စ်အိုးများကို အသုံးများပါသည်၊ အဆိုပါ ဂက်စ်အိုးများကို အိမ်အပြင်ဘက်တွင် ထားရှိပြီး၊ မီတာ (Meter)၊ ထိန်းချုပ်ချိန်ညိှပေးသည့် ကိရိယာ (Regulator)၊ Fuse-operated gas plug၊ နှင့် ဓါတ်ငွေ့ယိုစိတ်သည့်အခါတွင် အချက်ပေးသည့် Gas leak alarm အစ ရှိသည်တို့ကို တပ်ဆင်၍ ဘေးကင်း လုံခြုံမှု ရှိစေရန် ဖြန့်ဖြူးပေးမည် ဖြစ်ပါသည်။အထပ်မြင့်အဆောက်အအုံ
အထပ်မြင့် အဆောက်အအုံများမှ တစ်ခန်းချင်းစီ အတွက် ဓာတ်ငွေ့ပိုက်ကို အသုံးပြု၍ ဓာတ်ငွေ့ကို တပြိုင်နက်တည်း ဖြန့်ဖြူးသည့် ပုံစံဖြစ်ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ကို အသုံးပြုသည့် နေအိမ်များသည် ဂက်စ်အိုးကို နေအိမ် အတွင်းတွင် ထားရှိကြပါသည်။ LPG Supply System နည်းစနစ်ကို အသုံးပြုမည် ဆိုပါက ဂက်စ်အိုး၊ ဓာတ်ငွေ့ သို့လှောင်ကန်ကို ဘေးကင်း လုံခြုံစွာ အိမ် အပြင်ဘက်တွင် ထိန်းသိမ်း ထားရှိနိုင်မည် ဖြစ်ပြီး၊ ဓာတ်ငွေ့ ဖိအားနည်းနည်းနှင့် ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်၍ ပိုမိုဘေးကင်း လုံခြုံမှုရှိကာ စိတ်အေးချမ်သားစွာ ဓာတ်ငွေ့ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။