အောင်မြင်မှုများ

မြန်မာနိုင်ငံ

Myanmar Centre

ဗီယက်နမ် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု တွင် ဦးဆောင်လျက်ရှိသော HAGL Group သည် နိုင်ငံတကာ အဆင့်မှီ ရုံခန်းများ၊ ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်များ၊ ကြယ်ငါးပွင့်အဆင့်ရှိ Melia Hotel၊ တိုက်ခန်းများ ပါဝင်သည့် Myanmar Center project ကို ဆောင်ရွက် ခဲ့ပါသည်။

ကျွန်ုပ်တို့ Tokai Myanmar မှ မြန်မာစင်တာ ပရောဂျက် ၁ခုလုံးအတွက် ဂက်(စ်) နှင့်ပတ်သက်သောပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်ရန် တာဝန်ယူခဲ့ပါသည်။

ဈေးဝယ်စင်တာ အတွက် ဂက်(စ်)ပိုက်လိုင်းများ တပ်ဆင်ခြင်းကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ပြီး၁လခွဲ အတွင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည်။

Melia Hotel အတွက်လည်း ၂၀၁၆ ခုနှစ်၊ မေလတွင် စတင်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းတပ်ဆင်ခဲ့ပါသည်။

Tokai Myanmar မှ Myanmar Centre Project တွင် ကျွန်ုပ်တို့၏ နိုင်ငံတကာ အဆင့်မှီ ဂက်(စ်) နှင့် ပတ်သက်သော ပစ္စည်းကိရိယာများကို အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဂုဏ်ယူစွာ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။