Tokai လုပ်ငန်းအုပ်စု လုပ်ငန်း အနှစ်ချုပ်
သုံးစွဲသူများအား သာယာသောဘဝများ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် အသေးစိတ် လိုအပ်ချက်များ ထောက်ပံ့ပေးခြင်း
စတင် တည်ထောင်ခဲ့သော လွန်ခဲ့သော နှစ် ၆၀ ခန့် မှစတင်ကာ လူမှုနေ့စဉ် ဘဝ နဲ့ ဆက်စပ်သော ထုတ်ကုန်အမျိုးမျိုး နှင့် ဝန်ဆောင်မှု အမျိုးမျိုးကို ထောက်ပံ့ပေးခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် ထိုကဲ့သို့သော များစွာသော ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် စုံစုံလင်လင် ထောက်ပံ့ပေးနိုင်သောကြောင့် ထုတ်ကုန် နှင့် ဝန်ဆောင်မှုကို တန်ဖိုးရှိသော ပေါင်းစည်းမှုဖြစ်စေနိုင်သည့် အကျိုးကျေးဇူးများကိုလည်း ဖန်တီးနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝ အဆင်ပြေချောမွေ့စေရန် သူတို့၏ အမြင်မှ အသေးစိတ်လိုအပ်ချက်များအထိ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ သုံးစွဲသူ တစ်ဦးချင်းစီကို နေ့စဉ်ဘဝတွင် စိတ်ချသေချာမှု အဆင်ပြေမှု သက်တောင့်သက်သာရှိမှု တနည်းအားဖြင့် ပျော်ရွှင်မှု ခံစားနိုင်စေရန်အတွက် ထောက်ပံ့ပေးနိုင်ရန်ဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် ကျွန်တော်တို့၏ သုံးစွဲသူ အခြေခံမှုကို ပိုမို ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်
သင့်နေ့စဉ်ဘဝ လိုအပ်ချက်အားလုံးအတွက် တစ်နေရာတည်းတွင် ရရှိနိုင်သော ဝန်ဆောင်မှု ဖြင့် သင့်၏ ပျော်ရွှင်မှုများ နှင့် စိတ်လှုပ်ရှားမှုများကို ဆက်လက်မျှဝေပါ။

စွမ်းအင်
နေ့စဉ် နေထိုင်မူဘဝမှာ မရှိမဖြစ် လိုအပ်သော အခြေခံ စွမ်းအင်ပိုင်း ဆိုင်ရာ ဝန်ဆောင်မူများကို ဆောင်ရွက်လျက် ရှိပါသည်။
အတွေးအမြင်သစ်များ
သုံးစွဲသူများ၏ အကြံပေးချက်များကို သုံးသပ်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မူများကို ဆောင်ကျဉ်း ပေးနေပါသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှု
စိတ်ပူပန်မူ ကင်းဝေးစွာဖြင့် အသုံးပြုနိုင်သော ဆက်သွယ်ရေး ဝန်ဆောင်မူ (ICT) များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

CATV
သုံးစွဲသူများ သာလျှင်မက နေထိုင်ရာ ဒေသနှင့် ကိုက်ညီသော ဆက်သွယ်ရေး၊ ရုပ်သံလွှင့်လုပ်ငန်းကိုလည်း လုပ်ဆောင်လျက် ရှိပါသည်။
ရေကောင်း ရေသန့် ဝန်ဆောင်မှု
လူကြီးမင်းတို့အတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်သော ရေကောင်းရေသန့် များကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးပါသည်။
ဆောက်လုပ်ရေး နှင့် အိမ်ရာ
သာယာပျော်ရွှင်ဖွယ် လူနေမူဘဝကို ပိုင်ဆိုင်ရန် အတွက် အကောင်းဆုံး ဝန်ဆောင်မူမျာကို ဖန်တီးလျက် ရှိနေပါသည်။

ပြုစုစောင့်ရှောက်ရေးလုပ်ငန်း
သက်ကြီးရွယ်အို အဘိုးအဘွား များအတွက် လိုအပ်ချက်များကို ဖြည့်စီးပေးနိုင်ရန် ကောင်းမွန်သော ဝန်ဆောင်မူများကိုလည်း မိတ်ဆက်ပေး လျက်ရှိပါသည်။
မင်္ဂလာ အခမ်းအနား ဝန်ဆောင်မှု
စိတ်လှုပ်ရှားဖွယ် အံ့အားသင့်ဖွယ် အကောင်းဆုံး ဧည့်ဝတ်ကျေပွန်မှုများကို ဖြည့်စွမ်းပေးသွားပါမည်။